
ခုကျွန်တော် ပြောပြမှာကတော့ Cisco WEB IOU မှာ Lab create လုပ်ပုံ Initial config ထည့်ပုံ Clickable Diagram တည်ဆောက်ပုံ လုပ်ပြီးသား lab တွေ config တွေကို export/import လုပ်ပုံအကြောင်းတွေပဲ ဖြစ်ပါတယ်။
ခုကျွန်တော်သုံးမှာက WEB IOUv22 VMware image ပါ googling လုပ်ပြီးရှာလို့လွယ်ပါတယ် 😉
Example download link >> http://auto-download.com/download/get/1enITEeRei/v22_vm_web-iou_zip.html
ပထမဆုံး VM or Vbox ကနေပြီး IOU ကိုဖွင့်လိုက်ပါ screen မှာ ပြထားတဲ့ IP ကို Browser ကနေရိုက်ထည့်ပါ
Eg;. 192.168.2.129 ဆိုပြီးဝင်ပါ။
ခု lab လေးတစ်ခု ဖန်တီးကြည့်ကျရအောင်
အရင်ဆုံး ညာဘက် အပေါထောင့်က add New Lab ကိုနှိပ်ပါ.. Name : Test ဆိုပြီ ပေးလိုက်ပါ ကိုယ်ပေးချင်တဲ့ နာမည်တစ်ခုခုပေါ့..
နာမည်ပေးပြီးသွားရင် အောက်ကိုဆင်းပါ NETMAP ဆိုတာကို တွေ့ပါလိမ်ယ်။ NetMap က ဘာလဲဆိုတော့ network topology မှာ ဘယ်deviceရဲ့ ဘယ် portက ဘယ်ကိုချိတ်ထားတယ်ဆိုတာကို စာအနေဲ့ ရေးပြီးသတ်မှတ်ပေးတာပဲ ဖြစ်ပါတယ်။
Eg;. x:n/n >> xသည် Device instance or Device ID(Router/Switch) ဖြစ်ပြီး n/n သည် port no ဖြစ်ပါတယ်။ ပုံမှာ 1:0/0 2:0/0 3:0/0 ဆိုတာက device(router/switch) သုံးကို အလည်မှာ Hub ခံပြီးချိတ်မယ်လို့ ရည်ညွန်းတာပဲဖြစ်ပါတယ်။ အကယ်လို့ 1:0/0 2:0/0 3:0/0 4:0/0 ဆိုရင် Device လေးခုကို Hub ခံပြီးချိတ်မယ်လို့ ရည်ရွယ်တာပဲဖြစ်ပါတယ်။ 1:0/0 2:0/0 ဆိုတာကတော့ device နှစ်ခုကို တိုက်ရိုက်ချိတ်မယ့် အကြောင်းရေးပြထားတာပဲဖြစ်ပါတယ်။ NETMAP ရေးပြီးသွားရင် add buttom ကိုနှိပ်ပါ။
နှိပ်လိုက်တဲ့ အခါကျရင် device တွေကိုသတ်မှတ်ပေးဖို့ list ကျလာပါလိမ့်မယ်။ Device instance/ID အရ NetMapမှာဆို 1 to 6 သည် Router တွေဖြစ်ပြီး 7 ကို switch အနေနဲ့ သတ်မှတ်ခဲ့တာပါ။ ပြီးတော့ သူတို့နဲ့ သတ်ဆိုင်ရာ IOS ကိုရွေးပေးလိုက်ပါဗျာ။ RAM/ NVRAM တွေကို ကိုစိတ်ကြိုက်သတ်မှတ်လို့ရသလို့ Blank ထားခဲ့မယ် ဆိုရင်လဲ system default အနေနဲ့ လုပ်သွားမှာပါ။ Eth/Ser မှာ ရှိတဲ့ အရေအတွက်သည် slot အရေအတူွက်ပဲဖြစ်ပါတယ်။ slot တစ်ခုမှာ port ၄ ခုပါပါတယ်။ Picture ဆိုတာကကျ Router အတွက်ဆို router image, switch အတွက်ဆို switch ပုံလေး ရွေးပေးလိုက်ပါ။ initial config ကကျ မရှိသေးတော့ blank ပေါ့ဗျာ့.. ရှိလို့ load လုပ်မယ်ဆို အဲ့ initial config လေးကို ရွေးပေးယုံပါပဲ အကုန်ပြီးသွားရင် အောက်ဆုံးကို ဆင်းပြီး save ကိုနှိပ်ပါ။
ပုံ ၄
၅
၆
၇
ခုဆို ကျွန်တောာ်တို့ရဲ့ Laboratories list ထဲမှာ.. Test ဆိုတဲ့ lab လေးရောက်ရှိလို့သွားပါပြီ..
Test ဆိုတဲ့ Lab လေးကိုနှိပ်လိုက်ရင် ပုံစံမကျဖြစ်နေတဲ့ network diagram လေးကိုတွေ့ရပါလိမ့်မယ်
Router တွေနဲ့ switch ကို clickable diagram လုပ်မယ့် ပုံနဲ့ ကိုက်အောင် နေရာရွေ့ပေးလိုက်ပြီး save position ကို နှိပ်ပါ
ပြီးရင် device ဆိုတဲ့ Tab ကိုသွားပြီး Start all devices ကိုနှိပ်ပါ
Device တွေ run နေပြီဆိုရင် connect လုပ်မယ်ဆို (open <device> console via browser) ကိုနှိပ်ပြီး Browser ကနေတစ်ဆင့် ဝင်လို့ရသလို
ဒါမှမဟုတ် လဲ SecureCRT တို့ Terminal တို့ကနေဝင်မယ်ဆိုရင် Diagram ကိုသွားပြီး ကိုယ်ဝင်ချင်တဲ့ device ကို mouse လေးတင်လိုက်ပါ အဲ့အခါကျ ဘယ်ဘက်ထောင့်နားမှာ telnet://192.168.2.129:2001 ဆိုပြီး IP နဲ့ Port ကို ပြပေးထားပါတယ်။
IPနဲ့ Port နဲ့ရိုက်ပြီး telnet application တစ်ခုနဲ့ ဝင်လိုက်ပါ for R1 >> 192.168.2.129:2001
For R(n) >> 192.168.2.129:(2000+n)
Router တွေမှာ IP တွေပေးပြီး ping ကြည့်ပါ.. ဆိုလိုတာက ကိုယ်လိုချင်တဲ့ initial config ကိုတည်ဆောက်ပါ။
ပုံ၁၅
၁၆
ခု ကျွန်တော်တို့ လုပ်ထားတဲ့ config တွေကို export လုပ်ပါတော့မယ်.. Export လုပ်ထားတဲ့ config တွေကို labမှာ ရွေးပေးလို့ရပါမယ်။ အဲ့လိုဆို IPပေးထာ routing protocol run တာတွေအတွက် လုပ်စရာမလိုတော့ပဲ အချိန်ကုန်သက်သာတာပေါ့ဗျာ့.. 😉 Eg;. Router1#copy run unix:config-00001
Router(n)#copy run unix:config-0000n
N သည် ID/instance ပါ။
Or
Router တိုင်းမှာ copy run unix: သာရိုက်ပေးလိုက်ပါ။
ကိုယ် export လုပ်ထားတဲ့ file ရှိမရှိ သိချင်ရင် #dir unix: လို့ရိုက်ထည့်ပါ
အဲ့files တွေကို ခု exportလုပ်ပါတော့မယ် copy all unix://running-config files to database ကိုနှိပ်ပါ
Export လုပ်ပြီးသွားကြောင်းပြောပါလိမ့်မယ်
Manage ထဲက export lab ကိုနှိပ်ပါ
Laboratories ထဲကို ပြန်သွားကြည့်မယ်ဆို အောက်နားမှာ Test ဆိုတဲ့ initial config လေး ရောက်နေပါလိမ့်မယ်
ခု Labကော initial config ကော create လုပ်ပြီးသွားပြီဆိုတော့ကာ တို့တွေ clickable diagram လေးလုပ်ဖို့အတွက် image ကို upload လုပ်ပါမယ်။ add new image ကိုနှိပ်ပါ
ပုံကို Test လို့ပေးပြီး ရွေးးပေးလိုက်ပါ save ကိုနှိပ်ပါ။
ပုံ၂၄
၂၅
ပြီးရင် ကျွန်တော်တို့ လုပ်ထားတဲ့ Labနဲ့ upload လုပ်လိုက်တဲ့ ပုံကို link ချိတ်ပေးဖို့လိုပါတယ်
အဲ့တာကြောင့် Testဆိုတဲ့ lab ဘေးက edit ကိုနှိပ်ပါ
ကျွန်တော်တို့ လင့်ချိတ်ချင်တဲ့ imageကို ရွေးပေးရပါမယ်
Test ဆိုတာကို ရှာပြီး ရွေးပေးလိုက်ပါ
ခုဆို ကျွန်တော်တို့ lab မှာ Test ဆိုပြီး ပုံလေးရောက်နေပါလိမ့်မယ်
ကလစ်နှိပ်ဖို့အတွက် လိုတာလေးတွေ ထပ်လုပ်ပါမယ်
ပထမဆုံး Test ဆိုတဲ့ ပုံလေးဘေးက edit ကိုနှိပ်ပါ
ခု MAP မှာတော့ ဘာမှ မရှိသေးပါဘူး အောက်က ပုံလေးကို သွားပြီး ကိုယ် click နှိပ်ဝင်ချင်တဲ့ device တိုင်းကို mouse နဲ့ click တစ်ချက်စီ IDအတိုင်း အငယ်ကနေ အကြီး နှိပ်ပါ(R1-R2-R3…)။ ပြီးရင် MAPမှာ ပြန်သွားကြည့်မယ်ဆို commandလေးတွေ ရေးထားတာကို တွေ့ရမှာပါ ပုံမှာ 2000 တွေချည်းဖြစ်နေတာကို 2001, 2002 ဆိုပြီ ၁ တိုးတိုးပြီး ပြင်သွားပါ save ကိုနှိပ်ပါ
ပုံ၃၁
ပုံ၃၂
ပုံ၃၃
ခု test လို့အမည်ပေးထားတဲ့ image မှာ router တွေ Switch ကို mouse တင်လိုက်ရင် telnet ချိတ်ရမယ့် IP နဲ့ portကို ပြပေးပါလိမ့်မယ်
ကဲ ခုအကုန်ပြီးသွားပြီ ဆိုတော့ကာ ကိုယ်လုပ်ထားတဲ့ Lab ကို သူများကို initial configနဲ့ တစ်ကွ ပေးဖို့ export လုပ်ပါမယ် manage အောက်က export lab ကိုသွားပါ
Lab နဲ့ initial config ကိုရွေးပေးပြီး အောက်က exportကို နှိပ်ပါ
ပုံ ၃၆
၃၇
Download ကိုနှိပ်ပါ
ဒေါင်းလို့ ရလာတဲ့ *.gz ဖိုင်လေးကို ကိုယ် ရှဲပေးချင်တဲ့သူကို ရှဲပေးနိုင်ပါပြီ။ importလုပ်မယ်ဆို Manage အောက်က import ကနေတစ်ဆင့်လုပ်ပေးလိုက်ယုံပါပဲ…
ပျော်ရွင်ဖွယ် သီတင်းကျွတ်အခါ သမယမှာ အန္တရာယ်ကင်ကင်းနဲ့ ပျော်နိုင်ကျပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ
မေတ္တာဖြင့်
With warmly regards,
Khant Phyo
Core Network Team Leader @Ericsson Myanmar co,.ltd