
DHCP Relay Agent
Router – Gig0/0 => 172.16.0.254
Router – Gig0/1 => 192.168.1.254
DHCP Server => 192.168.1.1 (Gateway – 192.168.1.254)
DHCP server က ကိုယ့် Local network(same Network) မှာ မဟုတ်ပဲ different network မှာ ရှိနေတဲ့အခါ သုံးရမှာပါ။ DHCP request message (broadcast message) တွေသည် ပုံမှန်အားဖြင့် router ကိုဖြတ်ပြီး မသွားနိုင်ပါဘူး။ Router သည် Broadcast messager တွေကို Drop လုပ်ပစ်ပါတယ်.. DHCP message တွေ DHCP server ဆီရောက်ဖို့ relay agent လိုပါတယ်။ အဲ့အခါကျမှာ Router သည် သူ့ဆီကို dhcp broadcast message တွေရောက်လာတဲ့အခါ drop မလုပ်ပဲ.. DHCP server ရှိတဲ့ ဘက်ကို ကူညီ ပို့ဆောင်ပေးမှာပဲ ဖြစ်ပါတယ်။
DHCP relay Agent တစ်နည်းအားဖြင့် ip helper ကို config ချရတာမခက်ပါဘူး.. DHCP request ဝင်လာမယ့် Routerရဲ့ interface (ဒီ example မှာဆိုရင်တော့ Gig0/0) အောက်မှာ
Router(config)#interface gigabitEthernet 0/0
Router(config-if)#ip helper-address 192.168.1.1 (192.168.1.1သည် g0/0 interface မှာ ဝင်လာတဲ့ DHCP request message တွေကို ပို့ပေးရမယ့် DHCP serverရဲ့IP ပါ .. )
ဒီနေရာမှာ limited broadcast နဲ့ directed broadcast အကြောင်း သိနေရင် ပိုကောင်းပါတယ်။ lab စာအုပ်ဖြစ်လို့.. စာလေးမှာဆိုးလို့မရှင်းထားတော့ပါဘူး.. ကျွန်တော့ blog မှာလဲ ရေးပေးထားဘူးပါတယ်။
1.Router interface တွေမှာ IP တွေမှန်မယ်
2. Router interface တွေလဲ UPရမယ်
3. DHCP serverမှာIPနဲ့ Gateway လဲ configချ ထားမယ်
3. Serverမှာအောက်ပါအတိုင်း DHCP မှန်မှန်ကန်ကန် config ချထားမယ်ဆို ရင်
Same Network ထဲမှာ ရှိတဲ့PC1 ကနေ requestလုပ်ရင် DHCPက တစ်ဆင့် IP ကျပါလိမ့်မယ်
DHCP server နဲ့ Different Network မှာ ရှိနေတဲ့ PC0 ကနေ requestလုပ်ရင်လဲ DHCP successful ဖြစ်တာကို တွေ့ရပါလိမ့်မယ်
Thanks..