
ဒီ Guide မှာတော့ Packet Tracer 8.0 deb ဖိုင်ကို Fedora34 (Gnome40)ပေါ်မှာ ရအောင် Install လုပ်ပြပေးသွားမှာပဲ ဖြစ်ပါတယ် (no Wine, Not Cross over, Just manual install) ..
- ပထမဆုံး Packet Tracer 8.0 ဖိုင်ကို ဒေါင်းလုတ် လုပ်ပါ။ သူ့ Official site ဖြစ်တဲ့ Netacad ( https://www.netacad.com/courses/packet-tracer ) နေပဲ ဖြစ်ဖြစ် netacad acc (free register) မရှိလို့ရင်လဲ (https://www.computernetworkingnotes.com/ccna-study-guide/download-packet-tracer-for-windows-and-linux.html ) တစ်ခြားဆိုဒ်တစ်ခုကနေပဲ ဖြစ်ဖြစ် ဒေါင််းပါ
- အဲ့နောက်မှာတော့ Terminalကိုဖွင့်ပြီး mkdir -p tmp/pt80 ဆိုတဲ့ command နဲ့ pt80 ဆိုပြီး tempory directory တစ်ခုဆောက်ပါ.. (မိမိစိတ်ကြိုက် နေရာ/နာမည်နဲ့ တည်ဆောက်နိုင်ပါတယ်) ဒေါင်းလို့ ရလာတဲ့ Packet Tracer 8.0 Debian ဖိုင်ကို tmp/pt80 မှာ copy ကူးထည့်ပါ။ cp PacketTracer_800_amd64_build212_final.deb tmp/pt80/
- Deb ဖိုင်ရှိတဲ့ နေရာကိုသွားပြီး Packet_Tracer80 deb ဖိုင်ကို extract လုပ်ပါ
- cd tmp/pt80/
- ar -xv PacketTracer_800_amd64_build212_final.deb
- Extract လုပ်ပြီးနောက် zip ချုပ်ထားတဲ့ control နဲ့ data ကို သက်ဆိုင်ရာ directory အသီးသီးမှာ Extractလုပ်ပါ
- mkdir control
- tar -C control/ -Jxf control.tar.xz
- mkdir data
- tar -C data/ -Jxf data.tar.xz
- Packet Tracer ရဲ့ Data ထဲက ဖိုင်တွေကို Manual copy ကူးပြီး install လုပ်ပါ
- cd data/
- sudo cp -r usr/ /
- sudo cp -r opt/ /
- Gnome Desktop Environment မှာPacket Tracer ကို ကောင်းကောင်း Run နိုင်ဖို့ Menuထဲ မှာပေါ်ဖို့ terminal ကနေ manual config ချရပါမယ်
- sudo xdg-desktop-menu install /usr/share/applications/cisco-pt.desktop
- sudo xdg-desktop-menu install /usr/share/applications/cisco-ptsa.desktop
- sudo update-mime-database /usr/share/mime
- sudo gtk-update-icon-cache –force –ignore-theme-index /usr/share/icons/gnome
- sudo mkdir /root/.config (optional)
- sudo touch /root/.config/mimeapps (optional)
- sudo chmod 777 -R /root/.config/ (optional)
- sudo xdg-mime default cisco-ptsa.desktop x-scheme-handler/pttp
- sudo ln -sf /opt/pt/packettracer /usr/local/bin/packettracer
- Libjpeg.so.8 error အတွက် gitကနေ ဒေါင်းပြီး compileလုပ် .. manual install ပါမယ်
- cd ../..
- mkdir libjpeg
- cd libjpeg/
- git clone https://github.com/libjpeg-turbo/libjpeg-turbo ./
- mkdir build
- cmake -DWITH_JPEG8=1 -B ./build/
- cd build/
- make
- sudo cp libjpeg.so.8.2.2 /opt/pt/bin/
- sudo ln -s /opt/pt/bin/libjpeg.so.8.2.2 /opt/pt/bin/libjpeg.so.8
ခုဆိုရင် installation လုပ်လို့ပြီးသွားပါပြီ.. Log out, log in လုပ်ပြီး Packet Tracer 8.0 ကို စတင်ပြီး အသုံးပြုနိုင်ပြီ ခင်ဗျာ့..
ဒီအောက်က Screen Shot ကတော့ ကျွန်တော်ရိုက်ခဲ့တဲ့ command step လေးတွေပဲ ဖြစ်ပါတယ်
With Best Regards,
Khant Phyo