
——————————————————————————————————————————-
လက်ရှိ Cross Net Learning HUB မှ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော သင်တန်းများ [ကြော်ညာ]
——————————————————————————————————————————-
____________________________________________________________________________——————————————————————————————————————————-
တစ်ချို့ programတွေသည် Linux ရဲ့ application menu မှာ ရှိမနေတက်ပါဘူး.. အဲ့အခါကျ ကျွန်တော်တို့တွေသည် terminal ကနေတစ်ဆင့် command တွေနဲ့ run ရပါတယ်.. အဲ့လို မလုပ်ချင်ဘူး ဆိုရင် program တွေ application မှာ လာပြီပေါ်အောင်လုပ်လို့ရပါတယ်. Example အနေနဲ့ Mikrotik ရဲ့ winbox ကို Zorin OS (base on Ubuntu) ပေါ်မှာစမ်းပြသွားမှာပဲ ဖြစ်ပါတယ်
PS: : Ubuntu မှာတော့ ခုလက်ရှိ Snap ကနေအဆင်ပြေပြေသွင်းလို့ရနေပြီဖြစ်သလို Mikrotik ကလဲ linux အတွက် စပြီး ထုတ်ပေးနေပြီဖြစ်ပါတယ် တစ်ခြား Distro တွေမှာ လိုအပ်ခဲ့သည်ရှိသော် လိုသလိုသုံးလို့ရအောင် တင်ပေးထားတာပါ
ပထမဆုံး ကျွန်တော်တို့ စက်မှာ wine ရှိဖို့လိုအပ်ပါတယ် .. အောက်ပါ command လေးနဲ့ wine ကို install လုပ်လိုက်ပါ
sudo apt install winehq-stable
install လုပ်မှာလား မေးရင် y ကိုနှိပ်ပါ
အဲ့နောက်မှာတော့ https://mikrotik.com/download ကိုသွားပြီး winbox ကို ဒေါင်းလုတ် လုပ်ပါ၊
Download လုပ်ပြီးသွားရင် install အောက်ပါ command ကိုသုံးပြီး wine နဲ့ winbox64.exe ကို install လုပ်ပါ။
wine Downloads/Programs/winbox64.exe
Installation box တက်လာရင် ပုံမှန်အတိုင်း install လုပ်ပါ
အဲ့နောက် winbox တက်လာပါလိမ့်မယ်
Winboxကို ပိတ်ပြီး wine နဲ့ winbox.exe ကိုပြန် run ကြည့်ပါ winbox အဆင်ပြေပြေနဲ့ တက်လာရင် ရပါပြီ
ဆိုတော့.. ခုချိန်မှာ winboxကိုသုံးချင်ရင် command လိုင်း ကနေတစ်ဆင့် သွားပြီးမှ သုံးနေရပါတယ်.. အဲ့အတွက် application menu မှာ အလွယ်တကူ ခေါ်သုံးနိုင်မယ်ဆို ကျွန်တော်တို့အတွက် ပိုပြီး အဆင်ပြေပါတယ်။
ထို့အတွက်ကြောင့် windbox icon ကိုရှာပြီး ဒေါင်းလုတ်ဆွဲလိုက်ပါ.. Menuမှာ ပေါ်စေချင်တဲ့ icon ထည့်လို့ရပါတယ်။
png formate နဲ့ ရလာပါလိမ့်မယ် save လိုက်ပါ
.cat .local/share/applications/mikrotik.desktop ဆိုတဲ့ command နဲ့ ဖိုင်တစ်ခု create လုပ်ပါ။
Mikrotik.desktop ဖိုင်မှာ ကိုယ့်စိတ်ကြိုက် ပြုပြင်ပြီး ထည့်လို့ရပါတယ်.. အောက်က ကောင်က နမူနာ ပုံစံထဲက တစ်ခုပါ။
Mikrotik အတွက်လဲ ထို့နည်းတူစွာပဲ run ရမယ့် command, icon ရှိတဲ့ လမ်းကြောင်း စသည်ဖြင့် မှန်မှန်ကန်ကန် ထည့်ပေးလိုက်ယုံပါပဲ။ command line text editor အနေနဲ့ vim ကိုသုံးပြီး
vim .local/share/applications/mikrotik.desktop
mikrotik.desktop မှာ အောက်ပါအတိုင်းပြင်ရေးလိုက်ပါ
[Desktop Entry]
Version=1.0
Type=Application
Terminal=false
Exec=wine /home/spacex/Downloads/Programs/winbox64.exe
Name=mikrotik
Comment=winbox for mikrotik
Icon=/home/spacex/Videos/winbox.png
အဲ့နောက် save မှတ်လိုက်ပါ အဲ့တာဆို ရသွားပါပြီ..
အဲ့နောက် application menuမှာ ရှာကြည့်လိုက်ပါ winbox ထွက်လာပါလိမ့်မယ်
mikrotik လို့ရိုက်ရှာလိုက်ပါ
နှိပ်ပြီး run လိုက်ရုံပါပဲ 😉
ယခုဆို လွယ်လွယ်ကူကူ သုံးလို့ရသွားပါပြီ .. ကျန်တဲ့ တစ်ခြား တစ်ခြားသော cli application တွေကိုလဲ ယခုကဲ့သို့ အသုံးပြုနိုင်ပါတယ်။
ဒီလို တစ်ခုချင်း လုပ်ရတာ မကြိုက်ရင် snap ကိုသုံးပြီးတော့လဲ install ပြုလုပ်နိုင်ပါတယ် ခင်ဗျာ့
$sudo apt install snapd
$sudo snap install winbox
Thanks for your Reading !!