ဟုတ်ပြီ.. ဒီနေ့ရေးမယ့်အကြောင်းအရာလေးကတော့ Covid-19 နဲ့မို့ အိမ်မှာနေရင်း လေ့လာချင်တဲ့ သူတွေအတွက် Python ဘယ်ကဒေါင်း ဘယ်လို install လုပ် code ဘယ်လိုရေး.. Python ရဲ့ nature က ဘယ်လိုဆိုတာကို တစ်ဆင့်ချင်း ရှင်းပြပေးမယ့် Tutorial လေးပဲ ဖြစ်ပါတယ်..
ပထမဆုံး http://www.python.org/download/ ကနေသွားပြီး ဒေါင်းလုတ် လုပ်ပါ..
ကိုယ့်သက်ဆိုင်ရာ OS အတွက် ရွေးချယ်ပါ.. ကျွန်တော် ကတော့ Window အတွက် Downloads အောက်က Windows ကို ရွေးလိုက်ပါတယ်။
Python မှာ ရွေးချယ်စရာ Version အဓိက အားဖြင့် ၂ မျိုးရှိပါတယ်.. Python 2.7 & Python 3.x (3.something) ပါ.. Python 27 မှာဆိုရင်တော့ လက်ရှိ python 2.7.17 မှာ ရှိနေပြီး Python 3.x အတွက်ကတော့ 3.8.2 က latest ပါ (ခုလက်ရှိစာရေးနေချိန်မှာပေါ့ နော့ )
Python ကို စလေ့လာမယ်ဆိုရင်တော့… ကျွန်တော် စာသင်တိုင်း အတန်းထဲ မှာ ပြောဖြစ်တာကတော့ ၂မျိုးလုံးကို လေ့လာဖို့ပါပဲ.. Python 27 သည် end of support မသုံးတော့ဘူး ဆိုပေမယ့်.. စာအုပ် အဟောင်းတွေ Github ကsource code တွေကို လေ့လာရင် တွေ့နေရဦးမှာပဲလေ.. အဲ့တော့ အဲ့နှစ်ခုလုံးကို ဒေါင်းပြီး install လုပ်ကျစို့..
ပထမဆုံးကို Python 3 release ကို နှိပ်လိုက်ရင် အောက်ပါ page လေးကျလာပါလိမ့်မယ် 64bit သမားတွေက Windows x86-64 executable installer ကို ဒေါင်းရမှာ ဖြစ်ပြီးတော့.. 32bit OS တွေ အတွက် ကတော့ Windows X86 executable installer ကို ဒေါင်းရမှာပဲ ဖြစ်ပါတယ်။
Python 3 အတွက် ဒေါင်းပြီးသွားရင် Python 2 အတွက် ဒေါင်းကျပါစို့ .. Python 2 မှာဆိုရင်လဲ 64bit သမားတွေ အတွက် Window x86-64 MSI installer ဒေါင်းရမှာ ဖြစ်ပြီး 32bit အတွက်ကတော့ Window x86 MSI installer ကို ဒေါင်းရမှာပဲ ဖြစ်ပါတယ်။
ဒေါင်းပြီးသွားပြီ ဆိုရင်တော့ Install လုပ်ကျပါစို့ ..
ပထမဆုံး Python 3 ကို install လုပ်ပါမယ် .. ဒေါင်းထားတဲ့ python -3.8.2-amd64 ဖိုင်လေးကို Double click နှိပ်ပါ.. တက်လာတဲ့ step up မှာ install now ကို click နှိပ်လိုက်ပါ..
အဲ့ဆို စပြီး install လုပ်ပါပြီ (Add Python to Path ဆိုတာလေးကို နှိပ်ခဲ့ပေးပါ)
Progress Bar လေးပြည့်သွားရင် install လုပ်တာပြီးသွားပါပြီ… လွယ်ပါတယ် just one more click ပါပဲ
နောက်တစ်ခါ Python 2 အတွက် install လုပ်ကျပါစို့.. ဒေါင်းထားတဲ့ python-2.7.17-amd64 ဖိုင်လေးကို Double click နှိပ်ပါ.. Install for all users ကို ဒီတိုင်းပဲ ထားပြီး Next ကို နှိပ်ပါ
select destination directory ကို default အတိုင်းပဲထားလိုက်ပါတယ်။ ကိုယ့်စိတ်ကြိုက် ပြောင်းထားလို့လဲ ရပါတယ်
Default အတိုင်းပဲ ထားပြီး Next ကို ဆက်နှိပ်ပါ
Next နှိပ်ပြီးတာနဲ့ ဆက်ပြီး install လုပ်သွားပါလိမ့်မယ်
Progress Bar ပြည့်သွားတာနဲ့ install process ပြီးသွားပါလိမ့်မယ်.. Finished ကိုနှိပ်ပြီး installer ကနေ ထွက်လိုက်ပါ။
ခု install ပြီးပြီ ဆိုတော့ စမ်းပြီး သုံးကြည့် ရေးကြည့်ကျရအောင်.. Python ကို install လုပ်တာနဲ့ default ပါလာမယ့် application ကတော့ Python ရဲ့ IDEL (Integrated Development and Learning Environment) ပဲ ဖြစ်ပါတယ်.. IDLE ရဲ့ Feature တွေကတော့ အောက်ပါ အတိုင်းပဲ ဖြစ်ပါတယ်
- coded in 100% pure Python, using the tkinter GUI toolkit
- cross-platform: works mostly the same on Windows, Unix, and macOS
- Python shell window (interactive interpreter) with colorizing of code input, output, and error messages
- multi-window text editor with multiple undo, Python colorizing, smart indent, call tips, auto completion, and other features
- search within any window, replace within editor windows, and search through multiple files (grep)
- debugger with persistent breakpoints, stepping, and viewing of global and local namespaces
- configuration, browsers, and other dialogs
Window မှာ IDLE လို့ ရိုက်ရှာလိုက်ရင် အောက်ပါအတိုင်း တွေ့ရမှာပါ.. IDLE(Python 3.8)သည် Python 3 အတွက် ဖြစ်ပြီး IDEL(Python GUI) ကတော့ Python 2 အတွက် ဖြစ်ပါတယ်။
Click နှိပ်ပြီး ဖွင့်လိုက်ရင်တော့ အောက်အတိုင်း ရရှိမှာပဲ ဖြစ်ပါတယ်.. ခုရောက်နေတဲ့ >>> sign လေးကို chevron လို့ခေါ် ပါတယ်.. အဲ့လို >>> လေးမြင်ပြီ ဆိုတဲ့ သိလိုက်ရမှာသည် Python မှာရှိတဲ့ mode ၂ မျိုးထဲက တစ်မျိုးဖြစ်တဲ့ interactive mode ပါ.. Interactive ဆိုတဲ့ အတိုင်း သူသည် active တော့ ဖြစ်တယ်.. အမြဲ run နေတာတော့မဟုတ်ဘူး.. ဘယ်လို active ဖြစ်တာလဲဆိုတော့ user ကနေပြီး တစ်ခုခု input ပေးပြီး ခိုင်းလိုက်မှ (command ရိုက်ပြီး Enter ခေါက်လိုက်မှ) အလုပ် လုပ်တာပါ..
Compiler က ဘာ interpreter ကဘာဆိုတာကို target ထားမရှင်းသေးပါဘူး.. အသေးစိတ်သိချင်ရင် ကျွန်တော် ပညာဒါန အနေနဲ့ ရှဲထားဖူးတဲ့ Python စာအုပ်ကို ဖတ်ကြည့်လို့ ရပါတယ်.. (Download Link >> http://crossnetmm.com/?p=1035) ခုဒီ tuto လေးသည် အလုပ်ဖြစ်အောင် ဘယ်လိုရေးမလဲ ဆိုတာကို လေ့လာမှာပါ။
Programming တွေရဲ့ ထုံးစံအတိုင်း Hello, word ထုတ်ကြည့်ကျရအောင်.. အပေါ် မှာလဲ ပြောခဲ့တယ်.. ခုလက်ရှိရောက်နေတဲ့ mode သည် interactive modeပါ ဘယ်လိုသိနိုင်မလဲ ဆိုရင် >>> ကို မြင်တာနဲ့ သိနိုင်ပါတယ်.. Hello, world ထုတ်မယ်ဆိုရင် .. python မှာ သုံးရမယ့် command keyword သည် print ဆိုတာလေး ဖြစ်ပါတယ်..
Python 2 မှာဆိုရင် print “hello” လို့ပဲ ရေးရေး print (“Hi”) လို့ပဲ ရေးရေး အလုပ် လုပ်ပါတယ်.. ပြောချင်တာက ကိုယ်ထုတ်ပြချင်တဲ့ စာသားကို “Double column ထဲမှာ ရေးရး (“ ကွင်းစ နဲ့ Double Column ထဲမှာ ရေးရေး အလုပ် လုပ်ပါတယ်။
Syntax >> print “ ထုတ်ချင်တဲ့ စာသားကို ရေးပါ”
print (“ ထုတ်ချင်တဲ့ စာသားကို ရေးပါ”) ရေးပြီး Enter ခေါက်လိုက်တာနဲ့ အောက်မှာ ချက်ချင်း resultကို တန်းပြပေးပြီး .. နောက် .. command တစ်ခုအတွက် စောင့်နေတဲ့ >>> signလေးကို တွေ့ရမှာပါ
Python 3 မှာကျတော့ print(“Hello”) လို့ ရေးမှကို အလုပ် လုပ်တာပါ ကွင်းစမပါပဲ Python 2 မှာလို Double column တွေနဲ့ ပဲ ရေးလိုက်ရင် error တက်ပါတယ်.. အောက်ဆုံးမှာ နမူနာ အနေနဲ့ ပြထားပေးပါတယ်
Python ရဲ့ နောက် mode တစ်မျိုးဖြစ်တဲ့ script mode ကို လေ့ကြည့်ကျရအောင် Script mode ဆိုတာက Interactive modeလို့ တစ်ကြောင်းရေးရင် တစ်ကြောင်းအလုပ် လုပ်တဲ့ mode မဟုတ်ပဲ.. ကိုယ်လုပ်ချင်တဲ့ code တွေကို Program တစ်ပုဒ်လို့.. Logic ကျကျ ရေးထားတာပါ.. အရမ်းကြီး မတွေးပါနဲ့ ဦး..
Script mode သည် ကိုယ်လုပ်ချင် runစေချင်တဲ့ code တွေကို ရေးထားမယ်.. Run ခိုင်းမယ့်အချိန်ကျမှ အပေါ် ကနေအောက်ကို တစ်ကြောင်းချင်း run ပေးသွားမယ့် Modeပါ.. Script mode ကို သွားချင်ရင် File ထဲ က New File ကို ရွေးပါ ..ခု Python 3 အတွက် အရင်စမ်းကြည့်ကျရအောင် ..
Note pad လို မျိုးထဲမှာ ကိုရေးချင်တဲ့ run ချင်တဲ့ code တွေရေးပါ.. ခုဒီမှာ တော့ print ထုတ်မယ့် code 3 ကြောင်းရေးထားပါတယ်.. တစ်ကြောင်းရေးပြီး enter ခေါက်လဲ run မသွားပဲ ပုံမှန် အတိုင်း နောက်တစ်ကြောင်းပဲ ဆင်းသွားပါတယ်နော် Script Mode မှာမို့ပါ။ ရေးပြီးသွားလို့ Run ချင်ရင် Title bar က Run ကိုနှိပ်ပါ
Run Module ကိုနှိပ်ပါ ဒါမှမဟုတ် F5 ကိုနှိပ်လိုက်ပါ.. အဲ့တာဆို မ Save ရသေးရင် save မလား မေးပါလိမ့်မယ်..
စိတ်ကြိုက်နေရာတစ်ခုမှာ နာမည်ပေးပြီး Save လိုက်ပါ
Saveပြီးတာနဲ့ ချက်ချင်း Run ပါလိမ့်မယ်… ဒီမှာဆိုရင်တော့ ကုတ်တွေအရ
Hello
Hi
Hello, world
ဆိုပြီး ထွက်လာပါလိမ့်မယ်
Python 2 အတွက် လဲ အတူတူပါပဲ.. File ထဲက New Fileကိုသွားမယ်.. Script Mode ကို ရောက်မယ်.. Run ချင်တဲ့ code တွေ အစဥ်လိုက်ရေးမယ်.. ရေးပြီးသွားရင် Run ဖို့ F5နှိပ်မယ် save လိုက်တာနဲ့ Run ပြီး result ကို ပြပေးပါလိမ့်မယ်..
အိုကေ .. ဒီနေ့အတွက်တော့ ဒီလောက်ပါပဲနော့..
ချစ်သော ကမ္ဘာမြေ ငြိမ်အေးပါစေ..
With Best Regards,
Khant Phyo
Core Network Team Leader @ Ericsson Myanmar
