ကျွန်တော်တို့ cisco lab တွေလုပ်မယ်..lab လုပ်မယ့် စက်က performance နည်းတယ်ပေါ့ ပြီးတော့ cisco ရဲ့ device တွေ လေ့လာ မျိုးပဲ ဖြစ်ဖြစ် ဒါမှမဟုတ်.. customer ကို presentation လုပ်ပြတာမျိုးပဲ ဖြစ်ဖြစ်ပေါ့နော်.. အဲ့လို နေရာ မျိုး တွေမှာ သုံးဖို့ အဆင်ပြေပါတယ်။ dcloud က နေပြီးတော့ internet ရတဲ့နေရာ တိုင်း က နေ access (web Base) လုပ်လို့ရ အောင် support ပေးထားပါတယ်။ အဲ့ အတွ က် အ ကောင့် ရှိဖို့တော လိုတာပေါ့နော့်။
ခု lab လုပ်ဖို့ အတွက် ဘာ additional software မှ မလိုပါဘူး.. browser ကိုဖွင့်ပြီး https://dcloud.cisco.com ကို သွားပါ။
အဲ့နောက် login (please register first) ဝင်ပါ။
login ဝင်ပြီးသွားပြီ ဆိုရင် DataCenter တွေကို တွေ့ပါလိမ့်မယ်။ DataCenter တစ်ခု ရွေးချက်လိုက်ပါ။
ကိုယ် လုပ်မယ့် lab ကို ရှာပါ။ search box က နေလဲ keyword ရိုက်ထည့်ပြီး ရှာလို့ ရပါတယ်။
lab တစ်ခု ကို schedule လုပ်ပါ။ default က တော့ start time သည် ခုလက်ရှိအချိန် ဖြစ်ပြီးတော့ end time သည် နောက် ထပ် ၄ နာရီ + ပါ။ ပြောချင်တာက 4:30 မှာ စရင် 8:30 မှာ finished ဖြစ်မယ်။
schedule လုပ်ပြီး သွားရင် >> scheduled >> start >> available >> view ရောက်ပြီ ဆိုရင် တော ကိုယ့် lab သည် ready ဖြစ် သွားပါပြီ view ကို နှိပ်ပါ။
အဲ့နောက် veiw နှိပ်လိုက်ရင် အောက်ပါ ပုံလေး အတိုင်း မြင်ရ ပါလိမ့်မယ်။ lab ကို access လုပ်ဖို့အတွက်
workstation ကိုနှိပ်လိုက်ပါ။
remote desktop ကို နှိပ်လိုက်ပါ။ window 7 workstation တစ်ခုကို new tab တစ်ခုနဲ့browser မှာ မြင်ရပါလိမ့်မယ်။ အဲ့ အခါ ကျ VM Maestro ကို နှိပ်လိုက်ပါ။
နှိပ်လိုက်တဲ့အခါ ကျ ကျွန်တော် တို့တွေ လုပ်ရမယ် lab topology ကျလာပါလိမ့်မယ်။ လက်ရှိ အတိုင်း လုပ်လဲ ရတယ် ။ ကိုယ်စိတ်ကြို က် design ပြန်ဆွဲလဲ ရတယ်။ အရင် ဆုံး ဖျက် ကြည့် ရ အောင်။
ဖျက်မယ်ဆိုရင် ဖျက်ချင်တဲ့ device ပေါ်ကို ဖိထားပါ or right click နှိပ်ပါ။ ပြီးတော့ delete လုပ်လိုက်ယုံပါပဲ။
Design ကို သွား ပါ။ အဲ့အခါကျ ဘယ်ဘက် ဘေးမှာ packet tracer တို့ GNS3 တို့ လို box လေးတွေ တက် လာပါလိမ့်မယ်။ စိတ်ကြိုက် device ကို ရွေး ချယ်ပါ။
Tools ထဲ က connect (default သည် select ကို ရွေးထားတာပါ။) ကို ရွေးပြီးတော့ device တွေကို connect လုပ်ပါ။ device တွေကို နေရာ ရွေ့ချင်ရင် double tab / ဖိဆွဲ ပြီး ရွေ့လိုက်ယုံပါပဲ။
အဲ့နောက် simulation ကို သွားပါ။ run လိုက်ပါ။
okay >> okay နှိပ်လိုက်ပါ။
Simulation မှာ ရှိနေတဲ့ topology ထဲ က router တွေကို ဖိထားပါ / right click နှိပ်ပါ။
ပြီးတော့ telnet နဲ့ connect လုပ်ပါ။ console ကို ရွေးနော်။
အဲ့တာ ဆို ပုံမှန် အတိုင်း login ဝင် သလို မြင်ရမှာပဲ ဖြစ်ပါတယ်။ အဲ့လောက်ဆို ဆက်ပြီး ကလိ လို့ရပါပြီ။။
Have Fun!!!
With Best Regards,
Khant Phyo
