Pentesting Tool ထဲက တစ်ခုဖြစ်တဲ့ metasploit ကို ubuntu 20.04 စတဲ့ Debian base တွေမှာ အဆင့်တွေအရမ်းမများပဲ လွယ်လွယ်ကူကူသွင်းလို့ရတဲ့ နည်းလေး ပြောပြချင်ပါတယ်ဗျာ
ပထမဆုံး source list မှာ kali ရဲ့ repositories ကို sudo vim /etc/apt/sources.list ဆိုပြီး ထည့်လိုက်ပါ
deb http://http.kali.org/kali kali-rolling main non-free contrib
Source list မှာ အသစ်ထည့်ထားတဲ့ kali အတွက်ပါ သိဖို့ sudo apt update လုပ်ပါ
The following signatures couldn’t be verified because the public key is not available: NO_PUBKEY ED444FF07D8D0BF6 ဆိုတဲ့ Error လေးကို တွေ့မြင်ရပါလိမ့်မယ်..
ကျွန်တော် တို့မှာ သက်ဆိုင်ရာ Trusted public key မရှိတဲ့ အတွက် အဲ့လို Error တက်ရတာပါ.. အဲ့အတွက်ကြောင့် အောက်ပါ commandလေးနဲ့ key ကို import လုပ်ပါမယ်
sudo apt-key adv –keyserver keyserver.ubuntu.com –recv-keys ED444FF07D8D0BF6
Key ကို အောငအောင်မြင်မြင် import လုပ်ပြီးသွားရင်တော့ sudo apt updateပြန် ပြီး run ကြည့်ပေးပါ
အဲ့အခါ ပထမ တစ်ခေါက် update လုပ်တုန်းကလို error တက်တော့မှာ မဟုတ်ပါဘူး
Update လုပ်ပြီးသွားပြီဆိုတော့ Metasploit ကို အောက်ပါ အတိုင်း သွင်းလိုက်ပါ
sudo apt install metasploit-framework -y
အားလုံးသွင်းပြီးသွားတဲ့နောက်မှာ sudo service postgresql start ဆိုပြီး PostgreSQL service ကို စပါ၊
အဲ့နောက်မှာတော့ msf database ကို initialize လုပ်ပါ
Database initialization ပြီးသွားတဲ့ နောက်မှာတော့ အောက်ပါ command လေးရိုက်ပြီး metasploit ကို စတင်သုံးလို့ရပါပြီ ခင်ဗျာ့
sudo msfconsole
Thanks for your Reading… Happy learning at Stay@Home !!
